ဂျပန်ပြည်တွင်းအစုရှယ်ယာရင်းနှီးမြုပ်နှံခြင်း

Investment

ဂျပန်မှာစီးပွါးရှာနေကြတဲ့မြန်မာလူမျိုးတွေအတွက် ရင်းနှီးမြုပ်နှံခြင်းနှင့်ပတ်သက်တဲ့ 16/10/2021တုန်းကကျွန်တော်ရေးတဲ့ဆောင်ပါးဖြစ်ပါတယ်

၁)ကျွန်တော်တို့နိုင်ငံ တိုင်းပြည်က မအလကြောင့် လူအများစုဆင်းရဲတွင်းနက်သထက်နက်လာပါမယ်
၂)ကိုဗစ်ကြောင့်စုငွေနှင့်ကိုယ်စွမ်းရှိသည့်တိုင်စီးပွားရေးလုပ်ဖို့ခက်ခဲတာ
၃)ရေရှည်အတွက် FIRE ဖြစ်နိုင်ချေအခွင့်အလမ်းChanceရှိတာ

တကယ်လို့ စာဖတ်သူဟာ ဂျပန်မှာစီးပွါးရှာနေတယ်…လောလောဆယ်နိုင်ငံပြန်ဘို့အစီအစဉ်မရှိသေးဘူးဆိုရင် ခုပဲ NISA or Tsumitate NISA ကိုစတင်ဖို့အကြံပြုပါရစေ…ဘာကြောင့်ဆိုတာ အောက်မှာ အကျဉ်းချုံ့ရှင်းပြပါမယ်

ဂျပန်မှာနေထိုင်တဲ့ နိုင်ငံသား၊နိုင်ငံခြားသား ပဲဖြစ်ဖြစ် အသက် ၂၀ ပြည့်တဲ့သူတွေဆို
စတော့ရှယ်ယာအကောင့်ဖွင့်လို့ရပါတယ်…
ပုံမှန်အားဖြင့်စတော့ရှယ်ယာဝယ်တာ၊ Bit coinစတဲ့ Digitial Currencyတွေကိုဝယ်ပြီးReturn(အမြတ်ငွေ)ရတယ်ဆိုရင် အကြမ်းဖျင်း ၂၀%နှင့်အထက်ကို အစိုးရကိုအမြတ်ခွန်ဆောင်ရပါတယ်…
ဒါကတော်တော်များတဲ့ပမာဏဖြစ်ပါတယ်

NISA,TsumitateNISAကိုရင်းနှီးမြုပ်နှံဖို့အားပေးရတာကအောက်ကအချက်တွေကြောင့်ပါ

●Stock,FX,Digitial currency စတာတွေဟာ အကြမ်းအားဖြင့်အမြတ်ခွန် ၂၀%အထက်ဆောင်ကြရပါတယ်●NISA,TsumitateNISAက သတ်မှတ်ထားတဲ့ပမဏတခုအထိအမြတ်ခွန်ဆောင်စရာမလို●Index fundတွေကနေရွေးပေးထားတဲ့စတော့တွေဖြစ်တဲ့အတွက် Riskအရမ်းနည်းပါတယ်●ငွေအရင်းအနီးအများကြီးမလိုပါဘူး နေ့စဉ်၊အပတ်စဉ်၊လစဉ် ဝယ်လို့ရပါတယ်●ကြိုက်တဲ့အချိန်မှာထုတ်ရောင်းလို့ရပါတယ်●ဖုန်းလေးတလုံးရှိရုံနှင့်အလုပ်ဖြစ် အချိန်ကုန်သက်သာ(Index fundဖြစ်တဲ့အတွက် စတော့ကိုတောက်လျှောက်ကြည့်နေစရာမလို)●နိုင်ငံခြားသားလည်းဝယ်လို့လွယ် စတဲ့ကျန်တဲ့အားသာချက်တွေအများကြီးရှိပါတယ်

အားနည်းချက်ကတော့…●ဝယ်လို့ရတဲ့ပမာဏကန့်သတ်ထားတာ●ဝယ်လို့ရတဲ့ကာလသတ်မှတ်ချက်ရှိတာ●NISA or TsumitateNISAတခုပဲအကောင့်ဖွင့်လို့ရတာ

ဝယ်လို့ရတဲ့ပမာဏက NISAကတစ်နှစ်ကို ယန်းသောင်း ၁၂၀ဖိုးပဲဝယ်လိုရတာရယ် အမြတ်ခွန်ကင်းလွတ်ခွင့်က ၅နှစ်ပဲရတာပါ
TsumitateNISAကတစ်နှစ်ကို ယန်းသောင်း ၄၀ဖိုးပဲဝယ်လလို့ရတာရယ် အမြတ်ခွန်ကင်းလွတ်ခွင့်နှစ် ၂၀ပဲရှိတာပါ(2018မှာစတင်ပြီး-2037ခုနှစ်မှာပြီးဆုံးပါမယ်)

တကယ်လို့ သင်ဟာ ဂျပန်မှာနေတယ်၊လောလောဆယ်မပြန်သေးဘူး၊ငွေလည်းအသင့်အတင့်စုနိုင်တယ်၊ဂျပန်စာလည်းဖတ်တတ်တယ်ဆိုရင်
ချက်ချင်းပဲစဖို့တိုက်တွန်းပရစေ…

သတိထားရမှာက
●စတော့ဆိုတာ အတက်အကျရှိတယ်
●ရင်းနှီးမြုပ်နှံထားတဲ့ငွေတွေနည်းသွားလည်းစိတ်ထိန်းနိုင်ရမယ်၊ခဏခဏSwitchingလုပ်ရင်အခွင့်အရေးဆုံးရှုံးနိုင်ချေများ
●မမြုပ်နှံခင် လခစားဆိုရင် ကို့ရဲ့လစဉ်အသုံးစရိတ်ရဲ့ ၆လစာ၊ကိုယ်ပိုင်အလုပ်လုပ်တဲ့သူဆို ၁နှစ်စာစုငွေကိုဘဏ်မှာအရေးပေါ်အသုံးစရိတ်‌အနေနှင့်စုထားတာပိုပြီးကောင်းပါတယ်၊

အဆင်ပြေကြပါစေ..
TIM/KIM

Today is youngest day!

Thanks
M.Lynn

コメント

タイトルとURLをコピーしました