ဂျပန်တွင်စတော့ရှယ်ယာမဝယ်ခင်သိထားသင့်သောအချက်များ

Investment

ဂျပန်တွင်စတော့ရှယ်ယာမဝယ်ခင်သိထားသင့်တာလေးတွေဖြစ်ပါတယ်။
NISA,TsumitateNISA ဆိုတာကတော့ Don’t put eggs in one basket.လို့ပဲပြောရမှာပါ။
ရင်နှီးမြှပ်နှံကြသူတွေပြောလေ့ရှိတဲ့စကားပါ…ကြက်ဥအားလုံးကို ခြင်းတခုတည်းမှာထည့်ပြီးသယ်ရင် Riskများပါတယ်။

NISA,TsumitateNISAက အချိန်ယူပြီးငွေပမာဏနည်းနည်းချင်းစီရင်းနီးမြှပ်နှံခြင်းမျိုးဖြစ်ပါတယ်။



ငွေအများကြီးကို တချိန်တည်းမှာ ရင်းနီးမြှပ်နှံပြီးအချိန်တိုအတွင်း အမြတ်များများရအောင်လုပ်ရင်Returnများနိုင်သလို
Riskလည်းများနိုင်ပါတယ်။
ဥပမာ Bitcoinဝယ်သလိုမျိုးပေါ့၊ volatilityအတက်အကျမြန်ဆန်ပြီးတစ်ရက်နှစ်ရက်အတွင်းမှာပဲ 1BTCကို
ဒေါ်လာသောင်းချီအပြောင်းလဲဖြစ်သလိုမျိုးလို့ပဲပြောရပါမယ်။
TsumitateNISAရဲ့စတော့အားလုံးလိုလိုဂျပန်ရဲ့ Financial Services Agency(金融庁)ကနေရွေးထားတဲ့
Index fundတွေများတဲ့အတွက် ကိုယ့်ဖာသာလေ့လာပြီးစတော့ဝယ်တာထက်စာရင်စိတ်ချရတဲ့အနေအထားမှာတော့ရှိပါတယ်
နောက်ပြီးIndex Fundတွေဆိုတာကိုရွေးတတ်ရွေးတတ်သလို Portfolio(ရင်းနှီးမြှပ်နှံမှုအမျိုးအစား)ကိုကြိုက်သလိုရွေးပြီးဝယ်လို့ရတာပါ။
စကားညှပ်ရရင် Index fund ဆိုတာWarrent buffettကတောင် သူ့မိန်းမကို သူသေသွားတဲ့အခါ
ရင်းနီးမြှပ်နှံမယ်ဆိုရင် Index fundကိုပဲရင်းနှီးမြှပ်နှံပါလို့မှာထားတယ်ပြောကြတာပါပဲ…😀
Index fund ဆိုတာကတော့ Nikkei225,USရဲ့S&Pတို့လို average rate အပြောင်းအလဲပေါ်မှာအခြေခံတာပါ။
သဘောကMarket အပြောင်းအလဲကိုလိုက်ပြီးအတက်အကျရှိတာပါ။
Index fundရဲ့ဆန့်ကျင်ဘက်က Active fundဖြစ်ပြီးတော့ ဆရာ့ဆရာကြီးတွေက Active fundကိုရွေးပြီးဝယ်ကြတာပါ။
သဘောကတော့ NISA,TsumitateNISAဆိုတာကတော့ အပေါ်မှာဆိုခဲ့သလိုပဲ ကြက်ဉတွေကို ခြင်းလေးတွေခွဲပြီး
သယ်တာနှင့်တူပါတယ်။Risk နည်းပါတယ်။ကိုကအရွေးကောင်းရင်တော့ အမြတ်များနိုင်ပါတယ်။
ဒါကြောင့်ခဏလေးပဲရင်းနှီးမြှပ်နှံမယ်ဆိုရင်NISA,TsumitateNISAကတော့အဆင်မပြေပါဘူး။
အချိန်ယူပြီးလောဘမကြီးပဲရင်းနှီးမြှပ်နှံခြင်းလို့ပဲပြောရမှာပါ။လောဘအရမ်းကြီးရင်အမှားများတတ်လို့ပါ။
ကျတဲ့အချိန်မှာလည်း တောင့်ခံနိုင်ဖို့အရေးကြီးပါတယ်။
DCA(Dollar cost averaging)သဘောသဘာဝကိုနားလည်ထားရင်တော့ပိုပြီးအဆင်ပြေပါတယ်။
၁၀နှစ်လောက်မှာတစ်ကြိမ်လောက်တော့စီးပွားပျက်ကပ်ဖြစ်လေ့ရှိတယ်လို့ပြောကြပါတယ်။
ခုလောလောဆယ်တရုတ်ရဲ့Evergrandeကသို့လောသို့လောဖြစ်နေတာလူတိုင်းသိကြမယ်ထင်ပါတယ်။
ဒါကြောင့်Index fundရွေးတဲ့အခါကိုရွေးတဲ့ Marketကိုသတိထားဖို့အရေးကြီးပါတယ်။
အောက်ကပုံကတော့ US S&P500ပါ…lehman shockပြီးကတည်းကတောက်လျှောက် Growingပါပဲ။
အားလုံးအဆင်ပြေကြပါစေ
TIM/KIM

Today is youngest day!
M.Lynn

コメント

タイトルとURLをコピーしました