新NISA ဆိုတာဘာလဲ

Investment

ဂျပန်ရဲ့ 新NISA စနစ်ဆိုတာ အင်္ဂလန်ရဲ့ ISA စနစ်ကိုအတုယူပြီးလုပ်ယူထားတဲ့စနစ်ဖြစ်ပါတယ်။
•ISA( Individual Saving Account )
•新NISA(New-Nippon Individual Saving Account)

ISAစနစ်ကအင်္ဂလန်မှာ ၁၉၉၉ ခုနှစ်မှစတင်ပြီး နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
ဒီစနစ်ကြောင့် ၂၀၂၂ ခုနှစ်မှာမီလီယံနာ ဦးရေ ထောင်ပေါင်းများစွာထွက်ပေါ်နေပြီလို့သိရပါတယ်။

အင်္ဂလန်မှာ ၂၀၁၆ မှာ မီလီယံနာ ၄၅၀ ဦးသာရှိခဲ့ပေမယ့်၊ ISA စနစ်ကြောင့် ၂၀၂၂ မှာ မီလီယံနာ ၄၈၅၀ ဦးဖြင့် ၁၀ ဆကျော်ဖြစ်လာနေပြီလို့သိရပါတယ်။

ဂျပန်အစိုးရဟာ ISA စနစ်ကိုအတုယူပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ NISA စနစ်ကို ပြည်သူတွေအတွက် အကန့်အသတ်ဖြင့်စတင်တည်ထောင်ပေးခဲ့ပါတယ်။
2018 ခုနှစ်မှာ ရေရှည်ရင်းနှီးမြှုပ်နှံခြင်းအတွက် Tsumitate NISA စနစ်ကိုလည်းတည်ထောင်ပေးခဲ့ပါတယ်။

ဒီစနစ်ဟောင်း ၂ ခုကို ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ စနစ် 新NISA(ရှင်းနီးဆာ)အဖြစ်သို့ Upgrade လုပ်ပေးခဲ့တာက မနှစ်က ၂၀၂၄ ခုနှစ်အစမှာ ဖြစ်ပါတယ်။

ဒီစနစ်ရဲ့အဓိကကောင်းတဲ့အချက်က ရင်းနှီးမြှုပ်နှံရာကနေ ရရှိတဲ့အမြတ်အပေါ် အမြတ်ခွန်ပေးဆောင်စရာမလိုတဲ့အချက်ဖြစ်ပါတယ်။

လူတဦးလျှင် ယန်းသောင်း 1800 အထိရင်းနှီးမြှုပ်နှံခွင့်ရှိပြီး၊ ဒီငွေတွေကနေတိုးပွားလာတဲ့ အသီးအပွင့်တွေအပေါ်မှာအမြတ်ခွန်ဇီးရိုးသတ်မှတ်ထားပေးထားတာဖြစ်ပါတယ်။

အသီးအပွင့်ဆိုတဲ့နေရာမှာ Capital Gain / Income Gain ၂မျိုးစလုံးအပေါ်မှာ အမြတ်ခွန်ကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။

ပစ္စည်းတွေကိုလည်းဂျပန်ရဲ့ 金融庁(kinyuuchou)မှစနစ်တကျစီစစ်ပေးလာနေပါတယ်။
အထူးသဖြင့် つみたて投資枠(tsumitate-toushiwaku)ထဲကပစ္စည်းတွေက Risk နည်းပြီး ဝန်ဆောင်ခသက်သာတဲ့အတွက် လူတိုင်းအတွက် ရွေးချယ်ရလွယ်ကူစေပါတယ်။

စနစ်တကျအသုံးချမယ်ဆို အနာဂတ်မှာ Financial indepedance ဖြစ်နိုင်တဲ့ Impact ရှိတဲ့စနစ်ဖြစ်ပါတယ်။

ဂျပန်နေလူတိုင်းအတွက်အထူးကောင်းမွန်တဲ့စနစ်ဖြစ်ပါတယ်။
ဂျပန်မှာနေထိုင်ကြတဲ့ နိုင်ငံခြားသားတွေအတွက်လည်း ဗီဇာကန့်သတ်မထားတာ၊ အခွန်တင်စရာမလိုတာ နှင့်တခြားအားသာချက်တွေများစွာရှိပါတယ်။

နိုင်ငံခြားသားတွေအပေါ်မှာ အခွန်မူဝါဒတွေတင်းကျပ်လာတဲ့အပေါ်မှာလည်းပဲ နေထိုင်ခွင့်ဗီဇာအပေါ် စိုးရိမ်ကြောင့်ကျမလိုအပ်ပဲ ရင်းနှီးမြှုပ်နှံနိုင်တဲ့အချက်က နိုင်ငံခြားသားတွေအတွက်လည်း လူတိုင်းလုပ်ဘို့သင့်တော်တဲ့အချက်ဖြစ်ပါတယ်။

သို့ပေမယ့် စနစ်အခြေခံကို အသေးစိတ် နားလည်ထားဘို့နှင့် ရင်းနှီးမြှုပ်နှံမည့် ပစ္စည်းအကြောင်း၊ သုံးမည့် Platform အကြောင်းကို စနစ်တကျနားလည်ထားဘို့ကအဓိကကျပါတယ်။

ဒီစနစ်ရဲ့အခြေခံကို အလွယ်တကူနားလည်ချင်တယ်ဆိုပုံပါ ဇယားကိုသိမ်းထားပါ။

新NISAစနစ်အပြင် Investing အခြေခံ(အခွန်စနစ်အခြေခံ)ကိုစနစ်တကျနားလည်ချင်တယ်၊
ကိုယ်တိုင်လုပ်တတ်ချင်တယ်၊ မြန်မာလိုရှင်းရှင်းလင်းလင်းစနစ်တကျ နားလည်ထားချင်တယ်ဆို လစဉ်သင်တန်းရှိပါတယ်။ Facebook page messenger မှဆက်သွယ်လို့ရပါတယ်။

#新NISA
#FIRE
#ML

コメント