FIREဆိုတာဘာလဲ…?Financial Independence Retire Earlyရဲ့အတိုကောက်ပါ…မြန်မာလိုပြောရင်…အလုပ်မလုပ်ပဲပုံမှန်ဝင်ငွေရနေအောင်ရင်းနှီးမြှပ်နှံခြင်းလို့ပဲဘာသာပြန်ပါမယ်…
FIREဖြစ်ဖို့ဘာလိုလဲ?…ဆရာကြီးရွှေဥဒေါင်းဘာသာပြန်တဲ့အကြံညာဏ်ဖြင့်ကြီးပွါးရေးကို အကြိမ်ကြိမ်ဖတ် စဉ်းစားပြီး လက်တွေ့ကျကျမလုပ်နိုင်သေးတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်…ကျွန်တော်ကိုယ်တိုင်လဲ FIREကရည်မှန်းချက်ပါ…စလိုက်ရအောင်ပါ
Grant Sabatierပြောတဲ့ Financial Independence ကို ရောက်ဘို့ အဆင့် ၇ ဆင့်ပဲလိုပါတယ်။
Level0,ကိုတော့ရှင်းပြစရာမလိုဘူးထင်လို့ ချန်ခဲ့ပါမယ်။Level1ကနေစရအောင်ပါ။
●Level1:လစာ၊ဝင်ငွေကို တလစာသုံးပြီးမှ ငွေပိုငွေလျှံ အနည်းငယ်ကျန်တဲ့အခြေအနေလို့ပြောရပါမယ်
●Level2:လစဉ်ဝင်ငွေရဲ့ ၆ လစာ ကိုစုငွေအနေနှင့်ရှိပြီး၊အကြွေးမရှိတဲ့အခြေအနေပါ
●Level3:၂နှစ်စာ စားဝတ်နေရေးအတွက် လိုအပ်တဲ့ငွေသားပမာဏကို ရင်းနှီးမြှပ်နှံထားသူ
●Level4:ကတော့ FIREပါ၊သူကတော့ ကိုယ်ပိုင်ငွေကိုရင်းနှီးမြှပ်နှံပြီး အဲဒီကရတဲ့ return(အမြတ်ငွေ)နှင့်တင် စားဝတ်နေရေးအသုံးစရိတ် အားလုံးဖူလုံနေသူ
●Level5:ရင်းနှီးမြှပ်နှံမှုကနေ လိုအပ်တဲ့ငွေထက် အမြတ်ငွေပိုလျှံဝင်နေသူဝင်လာမစဲတသဲသဲ အခြေအနေပါပဲ။
ဟုတ်ပါပြီ FIRE အတွက်လုပ်ရမဲ့အဆင့်တွေကိုသူကခုလို တစ်ဆင့်ချင်းရှင်းပြထားပါတယ်။
●Step1:FIREဖြစ်ဖို့အတွက်ပိုင်ဆိုင်လိုတဲ့ငွေပမာဏကိုအတိအကျသတ်မှတ်ပါ(တစ်ယောက်နှင့်တစ်ယောက် အသုံးစရိတ်၊နေထိုင်မှု၊ဝင်ငွေလိုအပ်မှုပုံစံမတူတဲ့အတွက်ပါ)This is Goal!
မသတ်မှတ်တတ်ဘူးဆိုရင် လက်ရှိတနှစ်စာထွက်ငွေ(အသုံးစရိတ်)ကို ၂၅ နှင့်မြှောက်လို့ဆိုထားပါတယ်။
ဥပမာ တစ်နှစ် ယန်း သိန်း ၂၀ ဆိုရင်၊ သိန်း ၅၀၀ ရအောင်ကြိုးစားရမှာပါ။နှစ်စဉ်ထွက်ငွေ နည်းရင်နည်းသလောက်၊ဝင်ငွေများရင်များသလောက် ပန်းတိုင်ပိုနီးလာမှာပါ။
လခစားအနေနှင့်ကတော့ ပန်းတိုင်ဝေးတာတော့အမှန်ပါပဲ။နောက်တခုပြောချင်တာက The power of compound interest(複利の力)ကိုသုံးရမှာပါ။ဒါကြောင့်အသက်ငယ်တဲ့လူငယ်တွေအတွက် အခွင့်အလမ်းပိုရှိပါတယ်။
●Step2:လက်ရှိပိုင်ဆိုင်မှုတန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာအတိအကျသိအောင်လုပ်ပါ။ဝင်ငွေထွက်ငွေကို၊လက်ရှိအသားတင်ပိုင်ဆိုင်မှုကို နေ့စဉ် သိနေအောင်လုပ်ပါ၊အနည်းဆုံးအပတ်တိုင်းသိအောင်လုပ်ပါ။This is the start!
သူကတော့ NISA, TsumitateNISAတို့လို dollar cost average methotကိုအားမပေးပါဘူး။အတတ်နိုင်ဆုံး Invest လုပ်ဖို့ပဲပြောပါတယ်။
●Step3:ထွက်ငွေကိုအတတ်နိုင်ဆုံး လျှော့အောင်လုပ်ပါ။အဓိကထွက်ငွေတွေဖြစ်တဲ့ နေထိုင်စရိတ်၊စားစရိတ်၊ဇိမ်ခံပစ္စည်းတွေသုံးတာလျှော့ပါ။တကယ်လိုိုပ်တဲ့အရာတွေအတွက်လောက်ပဲသုံးပါ။
●Step4:ဝင်ငွေတိုးအောင်လုပ်ပါ။သဘောကတော့ လက်ရှိလခစားဝင်ငွေတခုတည်းနှင့်တော့FIREကစိတ်ကူးယဉ်လို့မရပါ။အပိုဝင်ငွေရနိုင်တဲ့ စီးပွါးရေးလုပ်ပါ။တတ်နိုင်ရင် ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့ကြိုးစားပါ။ဝင်ငွေများလေလေ များများရင်နှီးမြှပ်နှံနိုင်လေပါပဲ။ဒါကြောင့် ကိုယ်ပိုင်စီးပွါးရေးလုပ်နိုင်ဖို့စီးပွါးရေးအခြေခံ ကိုခုကတည်းကနားလည်အောင်လုပ်ပါ။P/L,B/S,C/Fစတဲ့ အခြေခံFinancial statement ကိုဖတ်တတ်အောင်သိအောင် တတ်အောင်လေ့လာပါ။
●Step5:အပေါ်ကပြောခဲ့တဲ Goal step1ကိုရောက်တာနှင့် FIRE စပါပြီ။ရင်းနှီးမြှပ်နှတဲ့အခါ Asset allocationသဘောသဘာဝကိုလည်းနားလည်အောင်လုပ်ပါ။သူကတော့ Riskပိုယူပြီး stock and bond balance ကို ပိုပြီးrisk ယူတဲ့ stock ကိုပိုအားပေးပါတယ်။အများကတော့ index fund S&P500ကိုအားပေးပြီး၊ စုငွေအားလုံးကို စတော့မှာရင်နှီးမြှပ်နှံပြီးpower of compound interestကိုသုံးရင် Goal ရောက်ပါပြီ။ Congratulations FIRE!
လူ့ဘဝဟာတိုတိုလေးပါ၊ကျန်းမာနေတုန်း အားကုန်ကြိုးစားကြပါစို့။မလုပ်ချင်ပဲလုပ်နေရတဲ့ အလုပ်တွေကနေ ရုန်းထွက်ကြစို့ Let’s be FIRE together!!
စောစီးသိရင်စောစီးစတင်လို့ရတယ်၊ယနေ့ကသင့်အတွက် အသက်အငယ်ဆုံးနေ့ပါ။
Today is youngest day!Thanks
M.Lynn
コメント