TsumitateNISAမှာဘယ်လောက်ဖိုးရင်းနှီးမြှပ်နှံသင့်လဲ

Investment

TsumitateNISAကိုခုမှစတင်မဲ့သူတွေအတွက်ပါ။
၁)ဘယ်လောက်ဖိုးနှင့်စတင်သင့်လဲ၊ငွေပမာဏနည်းနည်းလေးနှင့်ရောစလို့ရလား
၂)ဘာတွေသတိထားသင့်လဲ
ဒီအချက် ၂ချက်နှင့်ပတ်သက်ပြီးအကြံပြုချင်ပါတယ်။

တချို့တွေပြောလေ့ရှိတာက ငွေပမာဏနည်းနည်းလေးရင်းနှီးမြှပ်နှံတာအကျိုးမရှိဘူးဆိုတာကိုကနဉီးပြောလေ့ရှိကြပါတယ်။
ဥပမာ၊ ယန်းသိန်း100လောက်မဟုတ်ရင်အဓိပ္ပာယ်မရှိဘူးဆိုပြီးပြောတဲ့လူတွေလည်းရှိပါတယ်။
တကယ်တော့TsumitateNISAအတွက်တော့ဒါဟာသိပ်အကျုံးမဝင်ပါဘူး။
ETFတို့လိုကုမ္ပဏီတခုချင်းစီကိုကိုယ်ကြိုက်ရာသတ်သတ်ရွေးပြီးမြှပ်နှံချင်တဲ့လူတွေအတွက်တော့ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
အရင်Postမှာရှင်းပြခဲ့သလိုပဲ TsumitateNISAကတစ်နှစ်မှယန်း4သိန်းဖိုးဆိုပြီးကန့်သတ်ထားတာပါ။
ဒါဟာလဲအမြတ်ခွန်ကင်းလွတ်ခွင့်ပေးထားတာနှင့်လည်းဆိုင်ပါတယ်။
ETFတို့လိုဟာတွေကပုံမှန်အားဖြင့်အမြတ်ခွန် အကြမ်းဖျင်း20%ကတော့ဆောင်ရပါတယ်။
ဒီလောက်ဆိုအကြမ်းဖျင်းသဘောပေါက်မယ်ထင်ပါတယ်။

ဒါဆို..အပေါ်ကပြောခဲ့တဲ့အချက်တွေရှင်းပြပါမယ်။
ဘယ်လောက်ငွေပမာဏနှင့်စတင်သင့်လဲဆိုတာကတော့၊ ယန်း1,000ဖြစ်ဖြစ်စတင်သင့်ပါတယ်။
တကယ်ပြောတာပါ။မနောက်ပါဘူး။
ဘာတွေသိထားသင့်လဲဆိုတာကို၊ဒီနေရာမှာအကြံပြုချင်တာက ကျွန်တော့်အတွေ့အကြုံအရတော့
၁)ပမာဏနည်းနည်းလေးနှင့်စတာကပိုပြီးသဘောပေါက်လွယ်ပြီး၊စိတ်ပေါ့လက်ပေါ့လေ့လာလိုရပါတယ်။

၂)အစုရှယ်ယာစဝယ်တဲ့လကအများအားဖြင့်အကျဖက်မှာရှိတာတွေများတယ်လို့ပြောကြပါတယ်။
ရာခိုင်းနှုန်းအားဖြင့်တော့40%လောက်ပါ။ဒါကို ၁၀နှစ်လောက်အချိန်ကာလမြှပ်နှံမယ်ဆိုရင် 1.5%လောက်အထိရှုံးနိုင်တဲ့ရာခိုင်နှုန်းကနည်းသွားပါတယ်။ဒါဟာဆယ်စုနှစ်တွေရဲ့ဒေတာတွေအရပြောကြတာပါ။

၃)ငွေပမာဏနည်းရင်ရုတ်ချည်းထိုးဆင်းသွားလည်း မှုစရာမလိုပါဘူး။စတော့ဆိုတာကတော့အတက်အကျရှိပါတယ်။
စီပွားရေးပဲလုပ်လုပ်၊စတော့ရှယ်ယာပဲဝယ်ဝယ် ရင်းနှီးမြှပ်နှံတဲ့အခါငွေအင်အား၊နားလည်းတတ်ကျွမ်းမှုကအရေးပါတာမှန်ပေမဲ့တကယ်အရေးကြီးဆုံးက Mentalစိတ်ဓါတ်ကြံ့ခိုင်မှုပါ။ဒါကိုသိနေသည့်တိုင် ကိုယ်တိုင်Experienceမဖြစ်ဘူး၊ငွေအများကြီးရင်းပြီးတော့မှရုတ်ချည်းထိုးဆင်းတာတွေရှိရင်အသိရှိသည့်တိုင် စိတ်ဓါတ်ကြံခိုင်မှုမရှိရင်ရှုံးမှာကြောက်တဲ့စိတ်နှင့်ရှေ့ဆက်မမြှပ်နှံရဲတာလည်းဖြစ်တတ်ပါတယ်။စတော့ဆိုတာကကျတဲ့အခါဆက်မထိန်းနိုင်ရင် ပြန်တက်မှလိုက်ဝယ်ရင်အမြတ်နည်းတတ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးအတွေ့ကြုံကိုငွေပမာဏနည်းနည်းချင်းစီမှာနားလည်တယ်၊သဘောပေါက်ထားရင်ပိုပြီးအောင်မြင်နိုင်ပါတယ်။နောက်တခုကTsumitateNISAဆိုတာကြာကြာမြှပ်နှံမှ Compound Interestကိုလည်းအကျိုးရှိရှိအသုံးချနိုင်မှာပါ။
၄)တကယ်လို့စာဖတ်သူဟာ ဝင်ငွေပုံမှန်ရှိနေတယ်၊ ယန်း၅သောင်းလောက်ကိုစုမိနေနိုင်တယ်ဆိုရင်တော့အတတ်နိုင်ဆုံးmaxဖြစ်တဲ့တနှစ်ကိုယန်းသောင်း40အထိကိုမြှပ်နှံနိုင်တာကပိုကောင်းပါတယ်။ဒါကတစ်လကို ယန်း 33,333ဖိုးလစဉ်ရင်းနှီးမြှပ်နှံလို့ရတဲ့ပမာဏပါ။
စုငွေတွေမဟုတ်တဲ့စားရိတ်တွေကနေခက်ခက်ခက်ခဲခဲစတင်တာကိုတော့အားမပေးပါဘူး။ဒါကရေရှည်မြှပ်နှံမှအဓိပ္ပာယ်ရှိလို့ပါ။


ရင်းနှီးမြှပ်နှံခြင်းနှင့်ပတ်သက်တာတွေကို စိတ်ဝင်စားတယ်၊လေ့လာမယ်ဆိုရင် FIRE page ကို like & Follow လုပ်ထားရင် တင်တာတွေကိုချက်ခြင်းဖတ်လို့ရပါတယ်။

စောစီးသိရင်စောစီးစတင်လို့ရတယ်။ဒီနေ့ကသင့်အတွက်အသက်အငယ်ဆုံးနေ့ပါ။
အားလုံးအဆင်ပြေပါစေ။ရင်နှီးမြှပ်နှံပြီးအောင်မြင်သူတွေဖြစ်ပါစေဗျာ။
TIM/KIM

Today is youngest day!

M.Lynn

コメント

タイトルとURLをコピーしました