TsumitateNISAမှာဘယ်Fundကိုဝယ်မလဲ

Investment

ကျွန်တော့်ရဲ့ facebook page ကနေသိပြီး..တချို့လူငယ်တွေလည်းအကောင့်ဖွင့်ပြီးစတင်လေ့လာနေကြတာတွေ့ရပါတယ်၊ဒါ့ကြောင့်ဘယ်Fundကိုဝယ်သင့်လည်းဆိုတာအရင်postတွေတုန်းကအကြမ်းဖျင်းရှင်းထားပေမဲ့
အသေးစိတ်သိချင်ကြတဲ့သူတွေရှိတဲ့အတွက် ရှင်းပြပါမယ်။

TsumitateNISAမှာမြုပ်နှံကြတဲ့လူတော်တော်များများကတော့ U.S stock indexနှင့် All country world indexကိုပဲရွေးဝယ်ကြတာများပါတယ်။ဒီနှစ်ခုကလူကြိုက်အများဆုံးလို့ပြောလို့ရပါတယ်။
ဟုတ်ပါပြီ၊သူများဝယ်လို့ကိုယ်ပါလိုက်ဝယ်တယ်ဆိုတာကတော့ စမ်းတဝါးဝါးပါ။စိတ်ထဲမှာသိပ်ဘဝင်မကျလှပါဘူး။
ကျွန်တော်လည်းထိုးနည်းတူပါပဲ။
ဒါဆိုဘယ်ဟာကို၊ဘာကြောင့်ဝယ်သင့်လည်းဆိုတာ သိသလောက်လေးရှင်းပါမယ်။
ပထမဆုံး U.S stock fundဘာလဲဘယ်လဲ…ဆိုတာက U.S top fund တွေထဲကတခုဖြစ်တဲ့VOOလို့ခေါ်တဲ့fund ဖြစ်ပါတယ်။ဒီVOO fundကိုrunပေးနေတာက ကမ္ဘာ့အကြီးဆုံးasset management companyဖြစ်တဲ့ Vanguradဖြစ်ပါတယ်။S&P500ရဲ့အတက်အကျကိုအခြေခံတဲ့ fundဖြစ်ပါတယ်။
Runနေတဲ့ငွေပမာဏက ယန်းတန်ဖိုးနှင့်ဆိုရင်26Trillionလောက်ရှိပြီးworld top 5ထဲမှာပါတဲ့ Huge fundတခုဖြစ်ပါတယ်။Expense rateကတော့ 0.03%ဖြစ်ပြီးအရမ်းသက်သာတဲ့Fundဖြစ်ပါတယ်။

ဒါဆို All country world indexကိုတချက်လောက်ကြည့်ရအောင်ပါ။
VTလို့ခေါ်တဲ့fund ဖြစ်ပါတယ်။ဒီVT fundကိုrunပေးနေတာကလည်း Vanguradဖြစ်ပါတယ်။
FTSE global all cap index ရဲ့အတက်အကျကိုအခြေခံတဲ့ fundဖြစ်ပါတယ်။
FTSE global all cap indexက ကမ္ဘာတဝှမ်းလုံးကစီးပွားရေးတိုးတက်တဲ့ 47နိုင်ငံလောက်ကနေ
Stock အမျိုးအစားအခု 8000လောက်နှင့်ဖွဲ့စည်းထားတာပါ။World stock ရဲ့ 98%လောက်ရှိတဲ့ Stock marketပါ။
ဒါတခုတည်းနှင့်တင် တစ်ကမ္ညာလုံးကStockတွေကိုဝယ်ထားသလိုဖြစ်ပါတယ်။
Runနေတဲ့ငွေပမာဏက ယန်းတန်ဖိုးနှင့်ဆိုရင် 2.4Trillionလောက်ရှိပြီး Huge fundတခုဖြစ်ပါတယ်။Expense rateကတော့ 0.08%ဖြစ်ပြီးဒါဟာလည်းအရမ်းသက်သာတဲ့Fundဖြစ်ပါတယ်။

နှစ်ခုလုံးရဲ့Market အခြေအနေကိုသိပြီဆိုရင်၊VOO နှင့် VTကိုယှဉ်ကြည့်ပါမယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလရဲ့ Returnကိုကြည့်မယ်ဆိုရင် အောက်က Chartမှာပြထားတဲ့အတိုင်း
VOO က 10,000USD→42,066USD(4.2ဆ)တန်ဖိုးတက်လာပြီး၊VTကတော့10,000USD→27,454USDနှင့်2.8ဆတိုးလာတာတွေ့ရပါတယ်၊VOOကအမြတ်ပိုများပါတယ်။
နောက်တခုက VTရဲ့Market shareရဲ့တစ်ဝက်ကျော်က US ရဲ့Stocksတွေနှင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ကျန်တာတွေကတော့U.Sဆိုတာကတော့GDP No.1,လူဉီးရေလည်းပုံမှန်တိုးနေ၊ရင်းနှီးမြုပ်နှံသူတွေကိုကာကွယ်ပေးတဲ့ဉပဒေတွေကစနစ်ကျရှိပြီး၊သက်တမ်းလည်းရင့်တယ်၊Stockအကျကိုထိန်းတဲ့ Share buybackကိုလည်းကုမ္ပဏီကြီးတွေကပုံမှန်လုပ်လေ့ရှိ၊
Innovationအသစ်တွေဆိုတာလည်းUSကနေပဲစတင်တာတွေများ(GAFAM,Tesla)ဒါကြောင့်ကျွန်တော်ကတော့
US Stockကိုပဲသဘောပိုကျပါတယ်။
တကယ်လို့ ဘယ်ဟာရွေးရမှန်းမသိရင်တော့ World 98% market share ဖြစ်တဲ့ All country world indexကိုရွေးထားရင်တော့ US ကစီးပွားကျလည်းတဘက်မှာတခြားနိုင်ငံတွေကထိန်းတားသလိုဖြစ်နေမှာဖြစ်တဲ့အတွက် Risk hedgeအတွက်တော့စိတ်အေးရမယ်ထင်ပါတယ်။


ကျွမ်းကျင်တဲ့သူတွေအကြံပေးကြတာကတော့ Capitalismဆိုတဲ့စနစ်မှာ ကိုယ်ကကျန်မနေခဲ့ဖို့က U.S stock indexနှင့် All country world indexကိုရွေးမယ်မရွေးဘူးဆိုတာထက်၊ စုငွေတခုတည်းနှင့်ပဲတသက်လုံးသွားမှာလား or ရင်းနှီးမြုပ်နှံပြီးငွေကြေးအပူအပင်ကင်းအောင်လုပ်မလားဆိုတဲ့ ရွေးချယ်စရာပဲရှိပါတယ်။
သမိုင်းတလျှောက် စတော့ရှယ်ယာက 5%အထက်မှာရှိနေတာ၊15နှစ်လောက်အတိုင်းအတာနှင့်တောက်လျှောက်ရင်းနှိးမြုပ်နှံမယ်ဆိုရင်အရင်းပြုတ်မဲ့အခြေအနေဆိုတာတော်တော်လေးကိုမဖြစ်နိုင်ပါ။Capitalismစနစ်မှာShareholder နှင့်Shareholderမဟုတ်တဲ့သူရဲ့ဆင်းရဲချမ်းသာကွာဟမှုဟာဆက်လက်ကြီးထွားနေမှာကတော့ကျိန်းသေပါပဲ။ ဒါဟာThomas Pikettyရဲ့ r>gရဲ့သဘောသဘာဝအတိုင်းပါပဲ။
ကဲ…အားလုံး Shareholderတွေဖြစ်ပြီးပိုင်ဆိုင်မှုတွေတိုးကြပါစေဗျာ။
TIM/KIM

Today is youngest day!

M.Lynn

コメント

タイトルとURLをコピーしました